အိုင် (အက္ခရာ)
ပုံပန်းသွင်ပြင်
အခြေခံ လက်တင်အက္ခရာ | |||||
---|---|---|---|---|---|
Aa | Bb | Cc | Dd | ||
Ee | Ff | Gg | Hh | ||
Ii | Jj | Kk | Ll | Mm | Nn |
Oo | Pp | Rr | Ss | Tt | |
Uu | Vv | Ww | Xx | Yy | Zz |
I သည် အခြေခံလက်တင်အက္ခရာတွင် ကိုးလုံးမြောက် အက္ခရာဖြစ်သည်။ ထို့ပြင် I သည် အင်္ဂလိပ်သဒ္ဒါတွင် နာမ်စားအဖြစ် အသုံးပြုသော အက္ခရာ တစ်ခုဖြစ်သည်။ ဤနေရာတွင် I (နာမ်စား) ကို ကြည့်ရှု့ပါ။ စီမီတစ်ဘာသာရှိ လက်မောင်းနှင့်လက်ဖဝါးပုံ နံရံဆေးရေး ပန်းချီပုံ တစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု သတ်မှတ်ကြသည်။ ထိုရုပ်ပုံအား အီဂျစ် အရုပ်စာသင်္ကေတတွင် ရှိသော လည်ချောင်းဖြင့် ပွတ်တိုက်ဗျည်းသံ (/ʕ/) အား ကိုယ်စားပြုထားသည့် အီဂျစ်အရုပ်စာသင်္ကေတမှ ရရှိခဲ့ခြင်းဖြစ်သည်မှ သေချာသလောက် ရှိသည်ဟု ယူဆကြသည်။ j သည် i မှ ပြောင်းလဲဖြစ်ပေါ်လာသော အက္ခရာတစ်ခုဖြစ်သည်။ ထိုအက္ခရာနှစ်ခု စလုံးကို ၁၆ ရာစုမှစ၍ အသံရော ဗျည်းပါ ခွဲခြားပေးခဲ့သည်။ အောက်ဖော်ပြပါ ပုံများမှာ ဘာသာစကားတစ်ခု၏ မူလ သင်္ကေတပုံများ ဖြစ်သည်။
သမိုင်း
[ပြင်ဆင်ရန်]အီဂျစ်အရုပ်စာသင်္ကေတ ˁ | Proto-Semitic Y | Phoenician yodh |
ဩရုစကမ်I Ii | ဂရိ Iota | ||
---|---|---|---|---|---|---|
|
အသုံးပြုပုံ
[ပြင်ဆင်ရန်]အိုင် (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phonetic | မောရ်စ်၏ သင်္ကေတ |
India |
အချက်ပြအလံ | Flag semaphore | မျက်မမြင် သင်္ကေတ |
- ၁၉၉၀ ခုနှစ်ကတည်းကပင် < i > (အက္ခရာသေးဖြင့်) ကို Apple Corporation မှ ထုတ်ကုန်ပစ္စည်းအမည်ရှေ့တွင် အသုံးပြုခဲ့ကြသည်မှ ယနေ့တိုင်ဖြစ်သည်။
- ကွန်ပျူတာတွင် I အက္ခရာအကြီးတွင် ယူနီကုဒ်အမှတ် U+0049 ဖြစ်ပြီး အက္ခရာ အသေးအတွက်ကိုမူ ယူနီကုဒ်အမှတ် U+0069 အဖြစ် သတ်မှတ်ထားသည်။
- ASCII ကုဒ်တွင် I အက္ခရာအကြီးအတွင် ၇၃ ဖြစ်ပြီး i အက္ခရာအသေးအတွက် ၁၀၅ ဖြစ်သည်။
အင်္ဂလိပ်ဘာသာတွင် နာမ်စားတစ်ခုဖြစ်သည့် I ကို အောက်ပါအတိုင်း အသုံးပြုကြသည်။
- "I Love You"
- "You and I can walk to the store"
- "She and I are Friends."
- ထို့အပြင် ဓာတုဗေဒ ဘာသာရပ်တွင် I သည် Iodine(အိုင်အိုဒင်း) ကို ကိုယ်စားပြုသော သင်္ကေတ တစ်ခုဖြစ်သည်။
- ရောမသင်္ချာဂဏန်းတွင် I သည် တစ် ဖြစ်သည်။
- သင်္ချာဗေဒတွင် I သည် imaginary units ဟုခေါ်သော square root ၏ အနုတ်လက္ခနာတစ်ခုဖြစ်သည်။
- ဇီဝ-ဓာတုဘာသာရပ်တွင် I ကို အိုင်ဆိုလီယူဆင်(Isoleucin) အဖြစ် ကိုယ်စားပြုသည်။
- နိုင်ငံတကာ ခရီးသွားလုပ်ငန်း မှတ်ပုံတင်အမှတ်တွင် I သည် အီတလီနိုင်ငံသား(အီတာလျံလူမျိုး)ကို ကိုယ်စားပြုဖော်ပြပေးသည်။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |